နန်းခင်းကြေးကို ပြန်ထုတ်ဖို့ လုပ်ထုံးလုပ်နည်း
လိုအပ်သော စာရွက်စာတမ်းများ
၁၊၊ နန်းခင်းပြန်လည်ထောင်ယူခြင်းဖောင်
၂။ ပက်စပို့မိတ္တူ
*မိမိဂျပန်နိုင်ငံမှထွက်ခွာကြောင်း တံဆိပ်တုန်းပါရှိသောစာမျက်နှာ၊ နာမည်၊ မွေးနေ့၊ နိုင်ငံသား၊ လက်မှတ် နှင့် နေထိုင်မှုသတ်မှတ်ချက် (အလုပ်ဗီဇာ၊ ကျောင်းသားဗီဇာ စသည်ကိုဆိုလိုခြင်းဖြစ်သည်၊၊) တို့ကိုအထောက်အထားပြသနိုင်သော စာမျက်နှာတို့၏မိတ္တူ
၃။ လက်ရှိတွင်ဂျပန်နိုင်ငံအတွင်းနေထိုင်ခြင်းမရှိတော့ခြင်း အထောက်အထား (အောက်ပါ က မှ င အတွင်းမှတစ်မျိုးမျိုးကိုပြသနိုင်ရမည်၊၊)
- ဂျပန်နိုင်ငံမှအိမ်ထောင်စုစာရင်း (ဂျူးမင်းဟရော) ၌ ဖျက်သိမ်းကြောင်း မှတ်တမ်းပါ (ဂျော့ဟရော)
- ဂျပန်နိုင်ငံမှအိမ်ထောင်စုစာရင်း (ဂျူးမင်းဟရော)၌ ခန့်မှန်းခြေထွက်ခွာမည့်ရက်စွဲပါ အထောက်အထား
- နောက်ကျောဘက်၌ ထွက်ခွာပြီး အထောက်အထားပါ မိုင်နမ်ဘာကဒ်
- ထွက်ခွာရွှေ့ပြောင်းစာရွက်
- နိုင်ငံခြားသားမှတ်ပုံတင် (ဇိုင်းယူးကဒ်) ၏ မျက်နှာစာ၂ဘက်လုံး
၄၊၊ ဘဏ်အမည်၊ ဘဏ်ခွဲအမည်၊ အကောင့်နံပါတ် နှင့် မိမိ၏နာမည်ပါရှိပြီး မိမိသည်ကာယကံရှင်ဖြစ်ကြောင်းအထောက်အထားပြနိုင်သော စာရွက်စာတမ်းများ
ဘဏ်၏ထောက်ခံစာ (သို့မဟုတ်) တံဆိပ်တုံး လည်းလိုအပ်ပါသည်။
၅။ ပင်စင်စာအုပ်
- နိုင်ငံတော်ပင်စင်အတွက်ဆိုပါက ပင်စင်ငွေများကိုအားလုံးထုတ်ယူချိန်၌ ထိုငွေများ၏ ပမာဏအားလုံး (၁၀၀ရာခိုင်နှုန်း)ကို တစ်ကြိမ်တည်းတွင် ထုတ်ယူနိုင်သည်။
(အစိုးရပင်စင်မှာ ၀င်ငွေခွန်ဆောင်ရန်မလိုအပ်ပါ။) - အလုပ်သမားပင်စင်အတွက်မူ ပင်စင်ငွေ၏ ၂၀ရာခိုင်နှူန်းကို ၀င်ငွေခွန်အဖြစ် နှုတ်ယူခံရမည်ဖြစ်ပြီး လက်ကျန် ၈၀ရာခိုင်နှုန်းကိုသာရရှိမည်ဖြစ်သည်။
(သို့ရာတွင် အဆိုပါ အဖြတ်ခံရသော ၂၀ရာခိုင်နှုန်းကိုလည်း ၅နှစ်အတွင်း နောက်တစ်ကြိမ်ပြန်လည်လှောက်ထားရယူနိုင်သည်။) - ပင်စင်ငွေများအားလုံးကိုထုတ်ယူခြင်း လုပ်ငန်းစဥ်မှာ အချိန် ၃လမှ ၆လ အထိကြာမြင့်နိုင်သည်။
- စာတိုက်မှပို့ဆောင်ခ နှင့် ဘဏ်မှငွေလွှဲငွေသွင်းခြင်းအတွက် အဖိုးအခများကို ကာယကံရှင်မှကျခံရမည်။
- ကာယကံရှင်မှ တင်ပြထားသော ဘဏ်အကောင့်သည် ဂျပန်နိုင်ငံ၏ဘဏ်အကောင့်မဟုတ်ဘဲ မိမိနိုင်ငံမှဘဏ်ဖြစ်ပါက ဂျပန်နိုင်ငံပင်စင်ငွေများကိုအားလုံးအတွက် ပြန်အမ်းငွေကို မိမိနိုင်ငံ၏ ငွေကြေးဖြင့်ရရှိမည်ဖြစ်သည်။
* | ၁။ ပင်စင်စာအုပ် ပျောက်ဆုံးပျက်စီးသွားပါက လျှောက်ထားခြင်းလုပ်ငန်းစဥ်မှာ ပင်စင်နံပါတ်ဖြင့်သာ ဆက်လက်လျှောက်ထားနိုင်မည်ဖြစ်သည်။ |
* | ၂။ အကယ်၍ သင်သည် ကိုယ်ပိုင်ပင်စင်နံပါတ်အား မသိရှိလျှင်၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဆိုင်ရာ ရှေ့နေ့ထံမှ အခွင့်အာဏာကိုအသုံးချ၍ သက်ဆိုင်ရာလုပ်နည်းလုပ်ထုံးများဖြင့် ရရှိအောင်ဆောင်ရွက်ပေးမည်ဖြစ်သည်။ |
အသေးစိတ်
- ဖုန်းဖြင့်ဆက်သွယ်တိုင်ပင်ခြင်း03-5453-6931
နိုင်ငံခြားမှဆက်သွယ်လိုပါက +81-3-5453-6931ကြားရက် (၁၀နာရီမှ ၁၈နာရီ)ကိုရိုနာဗိုင်းရပ်စ်ကြောင့် စနေနေ့တိုင်း ယာယီပိတ်ပါသည်။ - အီးမေးလ်ပို့ရန် နှိပ်ပါ
ပီဂျီ လုပ်ငန်းစု
ဆက်စပ်လုပ်ငန်း
ပီဂျီ လုပ်ငန်းစု
-
Pacific Guaranty Inc.
(Tax Refund and One stop Service) -
PG Career Agency
(အလုပ်သမားစုဆောင်းရေးအေဂျင်စီ) -
ပီဂျီအခွန်စာရင်းကိုင်ရုံး
(အခွန်စာရင်းကိုင်) -
PG Administrative Office
(Visa and Judicial affairs) -
Hisamatsu Labour and Social Security Attorney Office
(Labour and Social Security Attorney ) -
Stanford Inc.
(အိမ်ခြံမြေလုပ်ငန်း) -
Reborn Inc.
(Class-1 ဗိသုကာရုံး) -
IPP International Patent Film
(Patent Film)